ယုံကြည်ခြင်း >>> ၁။ ယုံကြည်ခြင်း၏ အနက်အဓိပ္ပာယ်


ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်ဖွင့်လှစ်ထုတ်ဖေါ်၊ မိန့်တော်မူသမျှကို အသင်းတော် သွန်သင်သည့်အတိုင်း မြဲမြံစွာ ၀န်ခံခြင်း၊ ဗျာဒိတ်တော်နှင့် မိမိ၏ ကိုယ်စိတ်နှစ်ပါး ကိုက်ညီမှုရှိခြင်းဟူသော ထူးခြားသည့် ကျေးဇူးတော်ဖြစ်သည်။
ယုံကြည်ခြင်း ကျေးဇူးသည် ကျွန်ုပ်တို့၏ ကောင်းမှုကုသိုလ်များကြောင့် ရရှိသည်မဟုတ်။ ကိုယ်ပိုင် အစွမ်းသတ္တိဥာဏ်ပညာဖြင့်လည်း ရနိုင်သည် မဟုတ်။ သို့သော် ဘုရားသခင် အခမဲ့ပေးသော ကျေးဇူးတော်တစ်ပါးပင်ဖြစ်ပေသည်။ အကြောင်းမူကား = ခမည်းတော်သည် သွေးဆောင်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင် + (ယော ၆း၄၄) ဟု ခရစ်တော်ယေဇူး မိန့်တော်မူသည့်အတိုင်း ဘုရားသခင် ကိုယ်တော်ကို ၀ိညာဉ်တော်အားဖြင့် အလင်းကျေးဇူးပေးတော်မမူလျှင် အဘယ်သူမျှ ကိုယ်တော်ကို ယုံကြည်နိုင်မည် မဟုတ်ပေ။ ဆေးကြောခြင်းစက္ကရာမင်းမင်္ဂလာခံယူစဉ်က ဘုရားသခင်သည် စိတ်နှလုံးထဲ၌ ဖြောင့်မတ်ခြင်း ကျေးဇူးတော်နှင့်တကွ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်လေးမြတ်ခြင်း ပါရမီသုံးမျိုးကို ပေးသွင်းတော်မူခဲ့သည်။ ဤပါရမီသုံးမျိုးအနက် ယုံကြည်ခြင်းသည် အဓိက အခြေခံ အကျဆုံးဖြစ်သည်။
 

Oldest