၁။ ဘုရားသခင် (ခ) ဘုရားသခင်တည်ရှိတော်မူခြင်း



(ခ) ဘုရားသခင်တည်ရှိတော်မူခြင်း


          ဘုရားသခင်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသော အရှင်သခင်ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်းတွေ့မြင်ရသော နေ၊ လ၊ ကြယ်၊ သစ်ပင်၊ တိရစ္ဆာန် စသော အရာတို့ကို ကြည့်၍ ထောက်ရှုစဉ်းစားနိုင်သည်။ ထိုအရာဝတ္တုများတို့သည် ၄င်းတို့အား ဖန်ဆင်းထားသော ဘုရားသခင်ရှိကြောင်းကို သက်သေခံနေခြင်းဖြစ်သည်။
သဲပြင်ပေါ်၌ ခြေရာများကို မြင်ရလျှင် ထိုသဲပြင်ကို ဖြတ်သန်းသွားသော သူတစ်ယောက်ရှိကြောင်းကို သိရ၏်။ စကြဝဠာကြီး တစ်ခုလုံးတွင်လည်း အတိုင်းမဲ့ အထွတ်မြတ်ဆုံးသော ဘုရား၏ လက်ရာများဖြင့် ပြည့်လျှက်ရှိ၏။ ထိုအရာခပ်သိမ်းတို့သည် ဘုရားသခင်တည်ရှိကြောင်းကို ထင်ရှားစွာ သက်သေခံလျက်ရှိနေသည်။ ထိုအရာအားလုံးတို့သည် အလိုအလျှောက် ဖြစ်လာနိုင်သည် မဟုတ်။ နာရီ၏ စက်ကိရိယာ အစိတ်အပိုင်းများကို သေချာစွာ လေ့လာကြည့်လျှင် ခွေးသွားဘီးအကြီးအသေးတို့ကို နာရီလုပ်သူသည် အလွန်စဉ်းစား၍ လုပ်ရ၏။ ထိုလုပ်ပြီးသော ခွေးသွားဘီးများကို နေသားတကျရှိအောင် တပ်ဆင်သောအလုပ်သည် ပို၍ပင် စဉ်းစားရသေးသည်။ မိုးကောင်းကင်၌ရှိသော နေ၊ လ၊ ကြယ်များသည် စက်ကိရိယာများထက် အဆပေါင်းများစွာပို၍ အံ့သြဘွယ်ရာကောင်း၏။ သန်းပေါင်းများစွာသော ကြယ်တို့ကို ဖန်ဆင်းခြင်းသည် နာရီတစ်လုံး ပြုလုပ်သည်ထက် ပို၍ခက်ခဲမှုရှိသည်။ ၄င်းတို့ကို ကြည်၍ ဖန်ဆင်းသော ပုဂ္ဂိုလ်ဖြစ်သည့် ဘုရားသခင် အမှန်တကယ်တည်ရှိကြောင်း သိနိုင်သည်။ ထိုအံ့သြဖွယ်ကောင်းသော စကြဝဠာကို ထောက်၍ ဘုရားသခင်၏ အတိုင်းမဲ့ဂုဏ်တော်ကို ချီးမွမ်းထောမနာပြုမည်။
          သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းသီကျူးသည့် သိကြားတမန်များနှင့် အတူ= သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ ဗိုလ်ခြေတို့၏အရှင် မြတ်စွာဘုရားသခင်သည် သန့်ရှင်းတော်မူ၏+ ဟု ဘုရားသခင်အား ချီးမွမ်းထောမနာပြုလျက် အစဉ်အမြဲ ကြွေးကြော်ကြစို့။

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng