ပထမကျမ်းစာဖတ်ရှုခြင်း ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၇း ၁၈ - ၁၉ ၊ ၂၄ - ၂၉
ဒုတိယကျမ်းစာ ဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၁၃၂း ၁ - ၅ ၊ ၁၁ - ၂၄
ဧဝေဂလိကျမ်းစာ ဖတ်ရှုခြင်း ရှင်မာကုခရစ်ဝင် အခန်းကြီး ၄း ၂၁ - ၂၅
ပထမကျမ်းစာဖတ်ရှုခြင်း ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၇း ၁၈ - ၁၉ ၊ ၂၄ - ၂၉
ဒုတိယကျမ်းစာ ဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၁၃၂း ၁ - ၅ ၊ ၁၁ - ၂၄
ဧဝေဂလိကျမ်းစာ ဖတ်ရှုခြင်း ရှင်မာကုခရစ်ဝင် အခန်းကြီး ၄း ၂၁ - ၂၅
ပထမကျမ်းစာဖတ်ရှုခြင်း ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၇း ၁၈ - ၁၉ ၊ ၂၄ - ၂၉
၁၈ ထိုအခါဒါဝိဒ်မင်းကြီးသည်
အထဲသို့ဝင်၍ထာဝရဘုရားရှေ့တော်၌ထိုင်နေလျက်၊ အိုအရှင်ထာဝရ ဘုရား၊
အကျွန်ုပ်ကို ဤမျှလောက် မြှောက်တော်မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့
သောသူဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သောအမျိုး ဖြစ်ပါသနည်း။
၁၉
သို့ရာတွင် အိုအရှင် ထာဝရဘုရား၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု
ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏ အမျိုးအနွှယ်ကိုကြာမြင့်စွာသော
ကာလနှင့်ယှဉ်လျက်မိန့်တော်မူပါသည်တကား။ အိုအရှင်ထာဝရဘုရား၊ လူတို့သည်
ထိုသို့စီရင်လေ့ရှိပါသလော။
၂၄ အကြောင်းမူကား၊
ကိုယ်တော်၏လူဣသရေလအမျိုးကို အစဉ်အမြဲ ကိုယ်တော်၏ လူဖြစ်စေခြင်းငှါ၊
သူတို့ကို ကိုယ်တော်အဘို့ခိုင်ခံ့မြဲမြံစေ၍၊ ကိုယ်တော် ထာဝရဘုရားသည်
သူတို့၏ ဘုရားသခင်ဖြစ်တော်မူ၏။
၂၅
ယခုမှာ အိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ကျွန်၌င်း၊ ကိုယ်တော်ကျွန်၏
အမျိုးအနွှယ်၌င်း၊ မိန့်တော်မူသော စကားတော်ကို အစဉ်အမြဲတည်စေတော်မူပါ။
မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။
၂၆
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ဣသရေလအမျိုးကို အစိုးရသောဘုရား
သခင်ဖြစ်တော်မူသည်ဟူ၍ နာမတော်သည် အစဉ်အမြဲ မြှောက်ခြင်းရှိပါစေသော။
ကိုတော်ကျွန်ဒါဝိဒ်၏ အမျိုးအနွှယ်သည် ရှေ့တော်၌တည်ပါစေသော။
၂၇
အကြောင်းမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၊
ကိုတော်က၊ သင်၏အမျိုးအနွှယ်ကို တည်စေမည်ဟု ကိုယ်တော်ကျွန်အား
ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ဤပဌနာကို ရှေ့တော်၌
ပြုချင်သောစိတ်ရှိပါ၏။
၂၈
ယခုလည်း အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ၏။
စကားတော်လည်းမှန်ပါ၏။ ဤကျေးဇူးကိုကိုယ်တော်ကျွန်၌ ဂတိထားတော်မူပြီ။
၂၉
သို့ဖြစ်၍ ကိုယ်တော်ကျွန်၏ အမျိုးအနွှယ်သည် ရှေ့တော်၌
အစဉ်အမြဲတည်ပါမည်အကြောင်း၊ ကောင်းကြီးပေးခြင်းငှါ နူးညွတ်သောစိတ်ရှိတော်ပါ။
အိုအရှင် ထာဝရဘုရား၊ အမိန့်တော်ရှိသည်အတိုင်း ကောင်းကြီးပေးတော် မူသော
မင်္ဂလာကို ကိုယ်တော်ကျွန်၏ အမျိုးအနွှယ်သည် အစဉ်အမြဲခံရပါစေသောဟု
ဆုတောင်းသတည်း။
-----------------------------------------------------------------------------------------------------------
ဒုတိယကျမ်းစာ ဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၁၃၂း ၁ - ၅ ၊ ၁၁ - ၂၄
၁ အိုထာဝရဘုရား၊ ဒါဝိဒ်မင်းကို၎င်း၊ သူခံရသမျှသော ဆင်းရဲခြင်းကို၎င်း အောက်မေ့တော်မူပါ။
၂-၅ ထိုမင်းက၊ ယာကုပ်
အမျိုးကိုးကွယ်သော တန်ခိုးရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာ အရပ်ကို
အကျွန်ုပ်သည် မတွေ့မှီ တိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊
ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိ အိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့်
အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ
ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။
၁၁ ထာဝရဘုရားသည် ဒါဝိဒ်အား
ဓိဋ္ဌာန်ကျိန်ဆိုခြင်းကို ပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏
အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ ငါတင်မည်။
၁၂
သင်၏သားတို့သည် ငါ့ပဋိညာဉ်တရားကို၎င်း၊ ငါသွန်သင်သော သက်သေခံချက်ကို၎င်း
စောင့်ရှောက်လျင်၊ သူတို့၏ သားများသည်လည်း သင်၏ပလ္လင်ပေါ်မှာ အစဉ်အမြဲ
ထိုင်ကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူပြီ။
၁၃ ထာဝရဘုရားသည် ဇိအုန်မြို့ကို ရွေးကောက်၍၊ အမြဲနေ တော်မူရာဘို့ အလိုတော် ရှိသည့် အရာမှာ၊
၁၄ ဤမြို့ကား ငါအစဉ်အမြဲ ကျိန်းဝပ်ရာမြို့တည်း။ ငါအလိုရှိသည်ဖြစ်၍၊ ဤမြို့၌ ငါနေမည်။
--------------------------------------------------------------------------------------------------------------
ဧဝေဂလိကျမ်းစာ ဖတ်ရှုခြင်း ရှင်မာကုခရစ်ဝင် အခန်းကြီး ၄း ၂၁ - ၂၅
၂၁ ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှါ ယူခဲ့သလော။
၂၂ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျှက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့်မည်။
၂၃ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။
၂၄
ထိုမှတပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊
တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း
ကိုယ်တိုင်ခံရကြမည်။
၂၅ အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။
ConversionConversion EmoticonEmoticon