နေ့စဉ်ကျမ်းစာဖတ်ရှုခြင်း ဇန်နဝါရီ ၂၃ ၊ ၂၀၁၄ ကြာသပတေးနေ့

ပထမကျမ်းစာဖတ်ရှုခြင်း - ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁၈း ၆ - ၉ , ၁၉း ၁ - ၇ ဒုတိယကျမ်းစာဖတ်ရှုခြင်း - ဆာလံကျမ်း အခန်းကြီး ၅၆း ၂ - ၃၊ ၉ - ၁၄
 ဧဝဂလိကျမ်းစာဖတ်ရှုခြင်း - ရှင်မာကုခရစ်ဝင် အခန်းကြီး ၃း ၇ - ၁၂
 ပထမကျမ်းစာဖတ်ရှုခြင်း - ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁၈း ၆ - ၉ , ၁၉း ၁ - ၇
 
ဒါဝိဒ်သည် ဖိလိတ္တိလူကိုသတ်ပြီးမှပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို‹သည် ရှောလုမင်းကြီးကို ခရီးဦးကြိုပြုအံသောငှာ ရွင်လန်းသောစိတ်နှင့်သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သာအစရှိသည်တို‹ကို တီးလျက်၊ ဣသရေလမြို‹ရွာများထံက ထွက်လာသဖြင့်၊
ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေစွ တကား ဟု အလှည့်လှည့်သီချင်းဆိုကြ၏။
ရှောလုက၊ သူတို‹သည် ဒါဝိဒ်အားအသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာ ပေးကြပြီ၊ နိုင်ငံတော်မှတပါး အဘယ်အရာကိုပေးနိုင်သနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။
ထိုနေ‹မှစ၍ဒါဝိဒ်ကိုအစဉ်ချောင်းမြောင်းလျက်နေ၏။ 
 
ထို‹ကြောင့် ရှောလုသည်ဒါဝိဒ်ကို သတ်စေခြင်းငှာ၊ သားတော်ယောနသန်နှင့် မိမိကíန်အပေါင်းတို‹ကို မှာထားလေ၏။
သားတော်ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်၍၊ ငါ့အဘရှောလုသည် သင့်ကိုသတ်ခြင်းငှာ ရှာကြံ၏။ သို‹ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကိုသတိပြုသဖြင့် ဆိတ်ကွယ်ရာ အရပ်၌ ပုန်းရှောင်၍နေပါလော့။
ငါ့ထွက်၍ သင်ရှိရာတော၌ ငါ့အဘထံ ခစားလျက်။ သင့်အမှု၌စကားပြောမည်။ တွေ‹မြင့်သမျှကို သင့်အား ငါပြန်ကြားမည်ဟု ဒါဝိဒ်အား ပြောဆို၏။
ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာပြော၍၊ ရှင်ဘုရင်သည် ကíန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။  ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။
မိမိအသက်ကိုမနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုး တမျိုးလုံးအဘို‹ ကြီးစွာသော ကယ်တင်ခြင်းကျေးဇူး ကိုပြုတော်မူ၏။ ကိုယ်တော်သည် မြင်၍ ဝမ်းမြောက်ပါ၏။ သို‹ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကိုသတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏အသက်ကို သတ်သောအပြစ်သင့် ရောက်စေချင်ပါသနည်းဟု အဘရှောလုအား ဆိုသော်၊
ရှောလုသည် ယောနသန်၏ စကားကို နားထောင်၍၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း သူသည် အသေ မခံရဟုကျိန်ဆိုလေ၏။
ယောနသန်သည် ဒါဝိဒ်ကိုခေါ်၍ အကြောင်းရာအလုံးစုံတို‹ကိုပြောပြီးမှ ရှောလုထံသို‹သွင်းပြန်၍ အထံတော်၌ အရင်နေသကဲ့သို‹နေရ၏။ 
 -----------------------------------------------------------------------------------------------------------
 ဒုတိယကျမ်းစာဖတ်ရှုခြင်း - ဆာလံကျမ်း အခန်းကြီး ၅၆း ၂ - ၃၊ ၉ - ၁၄

ရန်သူတို့သည် နေ့တိုင်းကိုက်စားအံ့သော ဒေါသရှိ၍ မြင့်သောစိတ်နှင့် အကျွန်ုပ်ကို တိုက်သောသူအများ ရှိကြပါ၏၊၊
အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်၌ ခိုလှုံပါမည်၊၊ 
ဘုရားသခင်သည် ငါ့ဘက်မှာ နေတော် မူသောကြောင့် ငါအော်ဟစ်သောအခါ ရန်သူတို့သည် လှန်ခြင်းကို ခံရကြမည်ကို ငါသိ၏၊၊
၁၀ ဘုရားသခင်ကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်၊၊ ငါသည်ထာဝရဘုရားကို အမှီပြု၍ နျတ်ကပတ်တော်၌ ဝါကြွားမည်။
၁၁ ငါသည် ဘုရားသခင်ကို  ခိုလှုံသည် ဖြစ်၍ ကြောက်စရာမရှိ၊၊ လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း၊၊
၁၂ အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော် ၌ သစ္စာပြုပါသည်ဖြစ်၍ သစ္စာဝတ်ကို ဖြေလျက် ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊
၁၃ ကိုယ်တော်သည် အကျွန်ုပ်အသက် ကို သေခြင်းမှ ကယ်လွှတ်တော်မူပြီ။ အသက်ရှင်သောသူတို့၏အလင်းထဲမှာ ဘုရားသခင် ရှေ့တော်၌ အကျွန်ုပ် ကျင့်နေပါမည်အကြောင်း အကျွန်ုပ်ခြေ ကိုလည်းထိမိ၍ လဲခြင်းမှ ကယ်လွှတ်တော် မူမည်မဟုတ်လော၊၊
------------------------------------------------------------------------------------------------------------
ဧဝဂလိကျမ်းစာဖတ်ရှုခြင်း - ရှင်မာကုခရစ်ဝင် အခန်းကြီး ၃း ၇ - ၁၂

ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊
ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တဘက်မှလာကြသော လူများအပေါင်းတို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှလာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကိုကြားလျှင် အထံတော်သို့ လာကြ၏။
လူအများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏ အနီးအပါးတွင် လှေတစင်းကို အမြဲရှိစေခြင်းငှါ တပည့်တော်တို့အား အမိန့်တော်ရှိ၏။
၁၀ အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူ သောကြောင့်၊ ရောဂါဝေဒနာနှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှါ တွန်းကြ၏။
၁၁ ညစ်ညူး သောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်သောအခါ ပြပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။
၁၂ သိတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။
 
 
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng