ဧဝေဂလိကျမ်း ရှင်မာကု အခန်းကြီး ၃း ၂၂ - ၃၀
ဒုတိယ ကျမ်းစာဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၈၉း ၂၀ - ၂၂
ပထမ ကျမ်းစာဖတ်ရှုခြင်း ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၅း ၁ - ၇ ၊ ၁၀
ပထမ ကျမ်းစာဖတ်ရှုခြင်း ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၅း ၁ - ၇ ၊ ၁၀
ဒုတိယ ကျမ်းစာဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၈၉း ၂၀ - ၂၂
ပထမ ကျမ်းစာဖတ်ရှုခြင်း ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၅း ၁ - ၇ ၊ ၁၀
ပထမ ကျမ်းစာဖတ်ရှုခြင်း ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၅း ၁ - ၇ ၊ ၁၀
၁ ထိုအခါ ဣသရေလအမျိုးအနွှယ်အပေါင်းတို့သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော် တို့သည်ကိုယ်သော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။
၂
အထက်ကရှောလုသည် ကျွန်တော်တို့၌ ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည်
ဣသရေလအမျိုးကိုဆောင်သွားလျက်၊ သွင်းပြန်လျက်နေတော်မူပြီ။ ထာဝရဘုရားကလည်း၊
သင်သည် ငါ၏လူဣသရေလအမျိုးကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား
မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။
၃
ထိုသို့ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် ရှင်ဘုရင်ရှိရာ
ဟေဗြုန်မြို့သို့ရောက်လာလျှင်၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့၌
ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သူတို့သည် ဒါဝိဒ်ကို
ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ မြှောက်ကြ၏။
၎ ဒါဝိဒ်သည် နန်းထိုင်သောအခါ အသက်သုံးဆယ်ရှိ၏။ အနှစ်လေးဆယ်စိုးစံလေ၏။
၅
ဟေဗြုန်မြို့၌ နေ၍ယုဒပြည်ကိုခုနစ်နှစ်နှင့် ခြောက်လ
မင်းပြု၏။ယေရုရှလင်မြို့၌ နေ၍ယုဒပြည်နှင့် ဣသရေလပြည် တရှောက်လုံးကို
အနှစ်သုံးဆယ်သုံးနှစ်မင်းပြု ၏။
၆
တဖန်ရှင်ဘုရင်သည် မိမိလူတို့ကိုခေါ်၍၊ ပြည်သားရင်းယေဗုသိ လူတို့ရှိရာ
ယေရုရှလင်မြို့သို့ ချီသွားလျှင်၊ သူတို့က သင်သည်ဤမြို့ထဲသို့မဝင်ရ။
မျက်စိကန်းသောသူနှင့် ခြေဆွံ့သောသူတို့ကလည်း၊ ဒါဝိဒ်သည်
ဤမြို့ထဲသို့မဝင်ရဟု ဆိုကာမျှနှင့် သင့်ကိုဆီးတားလိမ့်မည်ဟု ဆိုကြ၏။
၇ သို့ရာတွင် ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
၁၀ ဒါဝိဒ်သည်တိုးပွါး၍အားကြီးဖြင့် ကောင်းကင်ဗိုလ်ခြေအ ရှင်ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။
----------------------------------------------------------------------------------------------------------
ဒုတိယ ကျမ်းစာဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၈၉း ၂၀ - ၂၂
၂၀ ငါ၏ကျွန် ဒါဝိဒ်ကိုငါတွေ့၍၊ သန့်ရှင်းသောဆီနှင့် ဘိသိက်ပေးပြီ။
၂၁ သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကိုမြဲမြံခိုင်ခံ့စေမည်။
၂၂ ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသောသူသည် မညှင်းဆဲရ။
၂၅ သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာ၎င်း၊ သူ၏လက်ျာလက်ကို မြစ်များပေါ်မှာ၎င်း ငါတင်၍ ထားမည်။
၂၆ သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ဘုရားသခင်၊အကျွန်ုပ်ကိုကယ်တင်ရာ ကျောက်ဖြစ် တော်မူ၏ဟု၊ ငါ့ကို ကြွေးကြော်လိမ့်မည်။
----------------------------------------------------------------------------------------------------------
ဧဝေဂလိကျမ်း ရှင်မာကု အခန်းကြီး ၃း ၂၂ - ၃၀
၂၂ ယေရုရှလင်မြို့မှလာသော
ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏၊
နတ်ဆိုးမင်းကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု ဆိုကြ၏။
၂၃ ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကိုဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကိုအဘယ်သို့နှင်ထုတ်နိုင်သနည်း။
၂၄ တိုင်းနိုင်ငံသည် မိမိနှင့်မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ရာ။
၂၅ အိမ်သည်လည်း မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်မတည်နိုင်ရာ။
၂၆ စာတန်သည် မိမိတဘက်၌ထ၍ မိမိနှင့်မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ရောက်လိမ့်မည်။
၂၇
သူရဲကို ရှေ့ဦးစွာမချည်မနှောင်လျှင်၊ သူ၏အိမ်သို့ဝင်၍ သူ၏ဥစ္စာကို
အဘယ်သူမျှ မလုမယူနိုင်။ သူရဲကိုချည်နှောင်ပြီးမှ သူ၏အိမ်ကိုလုယူနိုင်၏။
၂၈
ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကိုကဲ့ရဲ့သော
အပြစ်အမျိုးမျိုး ရှိသမျှတို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည်
ရနိုင်ကြ၏။
၂၉
သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို
အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။
၃၀ အဘယ်ကြောင့်ဤသို့မိန့်တော်မူသနည်း ဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသောနတ်စွဲသော သူဖြစ်သည်ဟု ဆိုကြသတည်း။
ConversionConversion EmoticonEmoticon