ပထမကျမ်းစာ ဖတ်ရှုခြင်း ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁၇း ၃၂ - ၃၄. ၃၇. ၄၀ - ၅၁
ဒုတိယကျမ်းစာ ဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၁၄၄း ၁ - ၂. ၉ - ၁၀
ဧဝလိကျမ်းစာ ဖတ်ရှုခြင်း ရှင်မာကုခရစ်ဝင် အခန်းကြီး ၃း ၁ - ၆
ပထမကျမ်းစာ ဖတ်ရှုခြင်း ဓမ္မရာဇဝင်ပဌမစောင် အခန်းကြီး ၁၇း ၃၂ - ၃၄. ၃၇. ၄၀ - ၅၁
၃၂ ဒါဝိဒ်ကလည်း ထိုလူကြောင့် အဘယ်သူမျှစိတ်မပျက်ပါစေနှင့်။ ကိုယ်တော်ကíန်သွား၍ ထိုဖိလိတ္တိလူကို တိုက်ပါမည်ဟု ရှောလုအားလျှောက်လျှင်၊
၃၃
ရှောလုက သင်သည် ထိုဖိလိတ္တိလူကို သွား၍ မတိုက်နိုင်။ သင်သည်
နုပျိုသောသူဖြစ်၏။ ထိုသူသည် ပျိုသောအရွယ် မှစ၍ စစ်သူရဲဖြစ်ခဲ့ပြီဟု
ဒါဝိဒ်အား ဆိုသော်၊
၃၄ ဒါဝိဒ်က ကိုယ်တော်ကíန်သည် အဘ၏သိုးတို‹ကိုထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့် ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲကကိုက်ချီပါ၏။
၃၇ ခြင်္သေ့လက်၊ ဝံလက်မှ ကíန်တော်ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည်၊
ထိုဖိလိတ္တိလူလက်မှ ကယ်နှုတ်တော် မူလိမ့်မည်ဟု ရှောလုအား လျှောက်လေသော်၊
ရှောလုကသွားလော့၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော် မူပါစေသောဟု
ဒါဝိဒ်အားဆိုလေ၏။
၄၀ တဖန်မိမိတောင်ဝေးကိုကိုင်လျက်၊
ချောသော ကျောက်ငါးလုံးကို ချောင်းထဲကရွေး၍ သိုးထိန်းတန်ဆာတည်းဟူသော
လွယ်အိတ်၌ ထည့်ပြီးမှ လောက်လွှဲကို လည်းကိုင်၍ ဖိလိတ္တိလူရှိရာသို‹ ချဉ်းလေ၏။
၄၁ ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို‹ချဉ်း၍ သူ‹ရှေ‹မှာဒိုင်းလွှားကို ဆောင်သောသူလည်းသွား၏။
၄၂ ဖိလိတ္တိလူသည်ကြည့်၍ဒါဝိဒ်ကိုမြင်သော အခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည်နုပျိုသောသူ၊ ဆံပင်နီ၍မျက်နှာလှသောသူဖြစ်၏။
၄၃
ဖိလိတ္တိလူက၊ သင်သည်တောင်ဝေးနှင့် ငါ့ထံသို‹ လာရမည်အကြောင်း၊
ငါသည်ခွေးဖြစ်သလောဟုမေးလျက်၊ မိမိဘုရားတို‹ကို တိုင်တည်၍
ဒါဝိဒ်ကိုကျိန်ဆဲလေ၏။
၄၄ တဖန်ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုဃ်းကောင်းကင်ငှက်နှင့်တော သားရဲတို‹အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။
၄၅
ဒါဝိဒ်ကသင်သည်ထား၊ လှံ၊ ကိဒုန်ပါလျက်ငါ့ထံသို‹လာ၏။ ငါသည်သင်ကြိမ်းပသော
ဣသရေလ ဗိုလ်ခြေတို‹၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏
နာမတော်ပါလျက် သင်ရှိရာသို‹လာ၏။
၄၆
ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍
လည်ပင်းကိုဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို
ဗိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲတို‹အား ယနေ‹ငါပေးမည်။ ဣသရေလအမျိုး၌
ဘုရားသခင်ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို‹သည် သိရကြလိမ့်မည်။
၄၇
ထာဝရ ဘုရားသည် ထား လှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊
ဤပရိသတ်အပေါင်းတို‹သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရား သည်
စစ်မှုကိုပိုင်၍၊ ငါတို‹လက်သို‹အပ်နှံတော်မူမည်ဟု ဖိလိတ္တိလူအားဆို၏။
၄၈
ဖိလိတ္တိလူသည်ထ၍ ဒါဝိဒ်နှင့် တွေ‹ခြင်းငှာ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း
ဖိလိတ္တိလူနှင့်တွေ‹ခြင်းငှာ ဗိုလ်ခြေရှိရာသို‹ အလျင်အမြန်ပြေးပြီးမှ၊
၄၉ လွယ်အိတ်ထဲကကျောက်တလုံးကိုနှိုက်ယူ၍ လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကိုမှန်၍ နဖူးပေါက်သဖြင့်သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။
၅၀ ထိုသို‹ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တလုံးအားဖြင့် နိုင်လျက် ထိခိုက်၍သတ်လေ၏။
၅၁
ထိုအခါ ဒါဝိဒ်သည် ထားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကိုနင်းလျက်၊ သူ၏ထားကို
ထားအိမ်မှာနှုတ်ဆွဲပြီးလျှင် လည်ပင်းကိုဖြတ်၍ အပြီးသတ်လေ၏။
ဖိလိတ္တိလူတို‹သည် သူတို‹၏သူရဲသေ ကြောင်းကိုမြင်သောအခါ ပြေးကြ၏။
-----------------------------------------------------------------------------------------------------------
ဒုတိယကျမ်းစာ ဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၁၄၄း ၁ - ၂. ၉ - ၁၀
၁
ငါ၏ကျောက်တည်းဟူသော ထာဝရဘုရားသည် မင်္ဂလာရှိစေတော်မူစေသတည်း၊၊ ငါ့လက်သည်
စစ်တိုက်၍ လက်ချောင်းတို့သည်လည်း စစ်မှုကိုလေ့ကျက်မည်အကြောင်း
သွန်သင်တော်မူ၏၊၊
၂
ငါ့ကိုသနားသောသူ ငါ့၏မြို့ရိုး ငါ့၏ရဲတိုက် ငါ့ကိုကယ်လွှတ်သောသခင်
ငါ့၏အကွယ်အကာဖြစ်တော်မူ၏၊၊ ထိုဘုရားသခင်ကို ငါကိုးစား၏၊၊ ငါ၏လူမျိုး ကို
ငါ့အောက်သို့ နှိမ့်ချတော်မူ၏၊၊
၉ အိုဘုရားသခင်ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုပါမည်၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့်ထောမနာ သီချင်းဆိုပါမည်၊၊
၁၀ အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အား ပေးတော်မူ၏၊၊ ကိုယ်တော်၏ ကျွန်ဒါဝိဒ်ကိုဆိုးသော ထားဘေးနှင့် ကင်းလွတ်စေတော်မူ၏၊၊
---------------------------------------------------------------------------------------------------------
ဧဝလိကျမ်းစာ ဖတ်ရှုခြင်း ရှင်မာကုခရစ်ဝင် အခန်းကြီး ၃း ၁ - ၆
၁ တရားစရပ်သို့တဖန် ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသောသူတယောက်ရှိ၏။
၂ ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့် ကြ၏။
၃ ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တဘက်သေသောသူအား မိန့်တော်မူ ပြီးမှ၊
၎
ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကို ဖျက်ဆီးအပ်သလော၊ အသက်ကို
ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အားမေးတော်မူလျှင်၊ ထိုသူတို့သည်
တိတ်ဆိတ်စွာနေကြ၏။
၅ ထိုအခါ
အမျက်တော်နှင့် သူတို့ကိုပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံးမိုက်သောကြောင့်
ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍
သူသည်မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။
၆ ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကိုအဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ် တပည့်တို့နှင့် ချက်ခြင်းတိုင်ပင်ကြ၏။
ConversionConversion EmoticonEmoticon