နေ့စဉ် ကျမ်းစာ ဖတ်ရှုခြင်း ဇန်နဝါရီလ ၂၁ / ၂၀၁၄

ဓမ္မရာဇဝင်ပဌမစောင် ၁၆း ၁ - ၁၃ 

ဒုတိယကျမ်းစာ ဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၈၉း ၂၀. ၂၁ - ၂၂. ၂၇ - ၂၈

 ဧဝဂလိကျမ်း မာကု ၂း ၂၃ - ၂၈

ဓမ္မရာဇဝင်ပဌမစောင် ၁၆း ၁ - ၁၃

တဖန်ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလတ်လုံး စိတ်မသာ ညည်းတွားလျက်နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို‹သား ယေရှဲရှိရာသို‹ ငါစေလွှတ်မည်။ သူ၏သားတို‹တွင် ငါ့အဘို‹ရှင်ဘုရင်တပါးကိုငါပြင်ဆင်ပြီဟု ရှမွေလအား မိန်‹တော်မူ၏။
ရှမွေလက၊ အကíန်ုပ်သည် အဘယ်သို‹သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင်သတ်ပါလိမ့်မည် ဟုလျှောက်သော်၊ ထာဝရဘုရားက၊ နွားမတန်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ လာပြီဟုပြောလော့။
ယေရှဲကို လည်း ယဇ်ပွဲသို‹ခေါ်ဘိတ်လော့။ ထိုအခါ သင်သည် အဘယ်သို‹ပြုရမည်ကို ငါပြမည်။ ငါသည်နာမဖြင့်ထုတ်ပြသောသူကို ငါ့အဘို‹ဘိသိက်ပေးရမည်ဟု မိန်‹တော်မူသည်အတိုင်း၊
ရှမွေလပြု၍ ဗက်လင်မြို‹သို‹သွားလေ၏။ ဗက်လင်းမြို‹သားအသက်ကြီးသူတို‹သည် ရှမွေလနှင့်တွေ‹သောအခါတုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေလျှက် လာတော်မူသလောဟု မေးရှောက်ကြသော်၊
ချမ်းသာပေးလျှက် ထာဝရဘုရားအားယဇ်ပူဇော်ခြင်းငှါ ငါလာပြီ၊ မိမိတို‹ကို သန်‹ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို‹လာကြဟု ဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို‹ကို သန်‹ရှင်းစေ၍ ယဇ်ပွဲသို‹ ခေါ်လေ၏။
သူတို‹သည်ရောက်သောအခါ ဧလျာဘကိုကြည့်ရှု၍ စင်စစ် ထာဝရဘုရားအခွင့်နှင့် ဘိသိတ်ခံရသော သူသည် ငါ့ရှေ‹မှာ ရှိ၏ဟုဆိုလေသော်၊
ထာဝရဘုရားက၊ သူ၏မျက်နှာသူအရပ်ကိုမကြည့်မရှုနှင့်။ သူ့ကိုငါပယ်ပြီ၊ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်၊ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ် သည်ဟု ရှမွေလအား မိန့်တော်မူ၏။
တဖန် ယေရှဲသည် အဘိနဒပ်ကိုခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့် ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟုဆို၏။
တဖန်ယေရှဲသည်ရှိမာကိုသွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟုဆို၏။
၁၀ တဖန်ယေရှဲသည် သားခုနစ်ယောက်တို‹ကို ရှမွေလရှေ‹မှာ သွားစေသဖြင့်၊ ရှမွေလက ဤသူတို‹ကိုလည်း ထာဝရဘုရားရွေးတော်မမူ။
၁၁ သင်၏သားမရှိပြီလောဟု ယေရှဲအားမေးလျှင်၊ ယေရှဲကအငယ်ဆုံးသောသားရှိပါသေး၏။ သိုးတို‹ကို ထိန်းကျောင်းလျက်နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူကိုခေါ်စေခြင်းငှါ လူကိုစေလွှတ်ပါ။ သူမရောက်မှီပွဲသို‹ဝင်၍ မထိုင်ရဟုဆိုသည့်အတိုင်း
၁၂ စေလွှတ်၍ သူ‹ကိုခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဘွယ်သောမျက်နှာလည်းရှိ၏။ ထာဝရဘုရားက ဤသူပေတည်။ ထ၍ဘိသိတ်ပေးလော့ဟု မိန်‹တော်မူ၏။
၁၃ ရှမွေလသည်လည်း ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ‹ကိုဘိသိက်ပေးလေ၏။ ထိုနေ‹မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေလသည် ထ၍ရာမမြို‹သို‹သွား၏။
---------------------------------------------------------------------------------------------------------
ဒုတိယကျမ်းစာ ဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၈၉း ၂၀. ၂၁ - ၂၂. ၂၇ - ၂၈

၂၀ ငါ၏ကျွန် ဒါဝိဒ်ကိုငါတွေ့၍၊ သန့်ရှင်းသောဆီနှင့် ဘိသိက်ပေးပြီ။ 
၂၁ သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကိုမြဲမြံခိုင်ခံ့စေမည်။
၂၂ ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသောသူသည် မညှင်းဆဲရ။ 
၂၇ အကယ်စင်စစ် သူ့ကိုသားဦးအရာ၌ ခန့်ထား၍၊ လောကီရှင် ဘုရင်တို့ အပေါ်မှာ ချီးမြှောက်မည်။
၂၈ ငါ၏ ကရုဏာကို သူ့အဘို့ငါသည် အစဉ်စောင့်၍၊ ငါ၏ ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။
---------------------------------------------------------------------------------------------------------
ဧဝဂလိကျမ်း မာကု ၂း ၂၃ - ၂၈
၂၃ ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်လျက် ခရီးသွားကြ၏။
၂၄ ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြသော်၊
၂၅ ကိုယ်တော်က၊ ယဇ်ပရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ ဆာမွတ်၍ မတတ်နိုင်သောအခါ၊
၂၆ ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပရော ဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော်မုန့်ကိုစား၍ မိမိအဘော်တို့အားပေးသည် အကြောင်းကို သင်တို့သည်တရံတခါမျှ မဘတ်ဘူးသလော။
၂၇ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။
၂၈ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။
Previous
Next Post »