ပထမ ကျမ်းစာဖတ်ရှုခြင်း ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၆း ၁၂ - ၁၅ ၊ ၁၇ - ၁၉ဒုတိယကျမ်းစာ ဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၂၄း ၇ - ၁၀
ဧဝေဂလိကျမ်းစာ ဖတ်ရှုခြင်း ရှင်မာကုခရစ်ဝင် အခန်းကြီး ၃း ၃၁ - ၃၅
ပထမ ကျမ်းစာဖတ်ရှုခြင်း ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၆း ၁၂ - ၁၅ ၊ ၁၇ - ၁၉
ဧဝေဂလိကျမ်းစာ ဖတ်ရှုခြင်း ရှင်မာကုခရစ်ဝင် အခန်းကြီး ၃း ၃၁ - ၃၅
ပထမ ကျမ်းစာဖတ်ရှုခြင်း ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၆း ၁၂ - ၁၅ ၊ ၁၇ - ၁၉
၁၁ ထာဝရဘုရား၏ သေတ္တာတော်သည်
သုံးလပတ်လုံး ဂိတ္တိလူသြဗဒေဒုံအိမ်၌ရှိ၏။ ထာဝရဘုရားသည်လည်း၊ သြဗဒေဒုံနှင့်
အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။
၁၂
ထာဝရဘုရားသည် သေတ္တာတော်ကြောင့်သြဗဒေဒုံနှင့် သူ၌ရှိသမျှကို
ကောင်းကြီးပေးတော်မူ ကြောင်းကို ဒါဝိဒ်မင်းကြီးကြားသောအခါ၊ တဖန်သွား၍
ဘုရားသခင်၏ သေတ္တာတော်ကိုသြဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်း
မြောက်သောစိတ်နှင့် ဆောာင်ခဲ့လေ၏။
၁၃ ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းသော သူတို‹သည် ခြောက်လှမ်းသွားပြီးမှ၊ နွားနှင့် ဆူဖြိုးသော အကောင်တို‹ကို ယဇ်ပူဇော်လေ၏။
၁၄ ဒါဝိဒ်သည် လည်း ပိတ်သင်တိုင်း ကို ဝတ်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ ကလေ၏။
၁၅ ထိုသို‹ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်း တို‹သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်လျက်၊ ထာဝရဘုရား၏ သေတ္တာတော်ကိုဆောင်ခဲ့ကြ၏။
၁၇ ထာဝရဘုရား၏
သေတ္တာတော်ကို သွင်း၍ ဒါဝိဒ်ဆောက်နှင့်သောတဲအလယ်တွင် သူ‹နေရာ၌ ထားကြပြီးမှ၊
ဒါဝိဒ်သည် မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို‹ကို ထာဝရဘုရား ရှေ့တော်၌
ပူဇော်လေ၏။
၁၈
မီးရှို့ရာယဇ်နှင့်မိဿဟာယ ယဇ်ပူဇော်ခြင်း အမူကို ပြီးစီးစေသောအခါ၊
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်ကမြွက်၍ ပရိသတ်တို‹ကို
ကောင်းကြီးပေးလေ၏။
၁၉
ဣသရေလပရိသတ်ယောက်ျားမိန်းမ အပေါင်းတို‹အား မုန်‹တပြား၊ အမဲသားတတစ်၊
စပြစ်သီးပျဉ်တပြားစီ ဝေငှပြီးမှ၊ လူအပေါင်းတို‹သည်
မိမိတို့နေရာသို့ပြန်သွားကြ၏။
------------------------------------------------------------------------------------------------------------
ဒုတိယကျမ်းစာ ဖတ်ရှုခြင်း ဆာလံကျမ်း အခန်းကြီး ၂၄း ၇ - ၁၀
၇ အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသော ရှင်ဘုရင် ဝင်တော်မူမည်။
၈
ဘုန်းကြီးသော ရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့်
ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှာ တန်ခိုးကြီးတော်မူသော
ထာဝရဘုရားပေတည်း။
၉ အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသော ရှင်ဘုရင် ဝင်တော်မူသည်။
၁၀
ဘုန်းကြီး သော ရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ
ဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီး သော ရှင်ဘုရင်ဖြစ်တော်မူသတည်း။
------------------------------------------------------------------------------------------------------------
ဧဝေဂလိကျမ်းစာ ဖတ်ရှုခြင်း ရှင်မာကုခရစ်ဝင် အခန်းကြီး ၃း ၃၁ - ၃၅
၃၁ ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ၍ ပြင်မှာရပ်နေလျက်၊ တစုံတယောက်သောသူကို ကိုယ်တော်ထံသို့စေလွှတ်၍ခေါ် ကြ၏။
၃၂ ခြံရံလျက် ထိုင်သောသူများတို့က၊ မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါသည်ဟု လျှောက်လျှင်၊
၃၃ ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊
၃၄ ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။
၃၅ ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း ဟု မိန့်တော်မူ၏။
ConversionConversion EmoticonEmoticon