.. အားလုံးစုံကို တတ်နိုင်တော်မူထသော၊ မိုးမြေတို့ကို ဖန်ဆင်းတော်မူထသော ခမည်းတော်ဘုရားကို ယုံကြည်လေးမြတ်ခြင်း ရှိပါ၏။ ..



ပထမပိုင်း

ယုံကြည်ခြင်းအချုပ်၏ ပထမပိုဒ်

.. အားလုံးစုံကို တတ်နိုင်တော်မူထသော၊ မိုးမြေတို့ကို ဖန်ဆင်းတော်မူထသော ခမည်းတော်ဘုရားကို ယုံကြည်လေးမြတ်ခြင်း ရှိပါ၏။ ..

၁။ ဘုရားသခင်

(က) ဘုရးသခင်၏ အဖြစ်တော်

          ဘုရားသခင် ကိုယ်တော်တိုင် မိမိ၏နာမတော်ကို ပြောဆိုသည်ကား = ငါဖြစ်သည့်အတိုင်း ငါဖြစ်သည် + အဓိပ္ပာယ်မှာ ဘုရားသခင်သည် အလုံးစုံသော ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော၊ အလိုအလျောက် တစ်ပါးတည်း အမြဲတည်ရှိတော်မူသော၊ အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူ၍ စိုးပိုင်အုပ်ချုပ်စီမံတော်မူသော အမြင့်မြတ်ဆုံးသော အနန္တဝိညာဉ်တော် ဖြစ်တော်မူ၏။

          ဘုရားသခင်သည် အနန္တဝိညာဉ်တော်ဖြစ်တော်မူသည်ဟုဆိုရာ၌ ဘုရားသခင်၏ အဖြစ်တော်၌ ဂုဏ်တော်အပေါင်းတို့သည် အတိုင်းအဆမရှိသည်ဖြစ်၍ ကိုယ်ကာယမှကင်းလျှက် ကျွန်ုပ်တို့၏ အင်္ဂါငါးပါးတို့၌ ထင်ရှားသော အမှတ်ကို မပေးနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်တော်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ အသိဥာဏ်ဖြင့် ဆင်ခြင်နားလည်ရန်မဖြစ်နိုင်။ ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းနှင့် ကြီးမြတ်တော်မူခြင်းတို့သည် ဤလောက၌ တုနှိုင်းဖွယ်ရာမရှိနိုင်ပေ။
          အထူးသဖြင့် = ဘုရားသခင်သည် အဘယ်သူနည်း+ ဟု တစ်သုံတစ်ဦးမှ မေးမြန်းခဲ့လျှင် ခရစ်တော်ယေဇူး ဗျာဒိတ်ထားတော်မူသည့်အတိုင်း = ဘုရားသခင်သည် ကျွန်ုပ်တို့၏ အဘဖြစ်ကြောင်း+ ပြန်ဖြေရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုတ်ညံ့သော သတ္တ၀ါများဖြစ်သော်လည်း အတိုင်းမသိမွန်မြတ်တော်မူသော ဘုရားသခင်သည် ကျွန်ုပ်တို့ကို သိမြင်တော်မူ၍ ချစ်ခြင်းမေတ္တာ ကရုဏာတော်နှင့် စောင့်မတော်မူသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အထံတော်၌ ပျပ်ဝပ်၍ ကိုယ်တော်ကို = အို-မြင့်မြတ်တော်မူလှသော ဘုရားသခင် ကိုယ်တော်နှင့် အဘယ်သူတူအံ့နည်း။ ကိုယ်တော်မှတစ်ပါး ရိုသေကိုးကွယ်လေးမြတ်ခြင်းကို အဘယ်သူ ခံထိုက်အံ့နည်း + ဟု မြွက်ဆိုရမည်ဖြစ်သည်။
Previous
Next Post »