ယုံကြည်ခြင်းအချုပ်



ပထမပိုင်း

ယုံကြည်ခြင်းအချုပ်

ဘာသာသူများယုံကြည်ရန် တပည့်တော်ကြီးများ စီရင်ရေးသားခဲ့ကြသော ယုံကြည်ခြင်းအချုပ်ကို အကြမ်းအားဖြင့် အပိုင်း(၁၂)ပိုင်း ခွဲခြားထားပါသည်။
၎င်းတို့မှာ ..


(၁) အားလုံးကို တတ်နိုင်တော်မူထသော၊ မိုးမြေတို့ကို ဖန်ဆင်းတော်မူထသော ခမည်းတော်ဘုရားကို ယုံကြည်လေးမြတ်ခြင်းရှိပါ၏။

(၂) ခမည်းတော်၏ တပါးတည်းသော သားတော် ခရစ်တော်ယေဇူး အကျွန်ုပ်တို့၏ သခင်သည် 

(၃) သန့်ရှင်းတော်ဝိညာဉ်တော်အားဖြင့် ပဋိသနေယူတော်မူ၍ ကညာမာရိယာမှ ဖွားမြင်တော်မူသည်။

(၄) ပုံစီဦးပီလာတူးမင်းလက်ထက် ဒုက္ခစရိယာကျင့်ခံတော်မူ၍ လက်ဝါးကပ်တိုင်၌ သတ်ထားသဖြင့် အသက်တော်ထွက်၍ အလောင်းတော်ကို သင်္ဂြိုလ်သည်။

(၅) အောက်နိမ့်ရာအရပ် ဆင်းကြွတော်မူ၍ တတိယနေ့တွင် သေသည့်သူတို့ အစုမှ ရှင်ပြန်ထမြောက်တော်မူသည်။

(၆) ကောင်းကင်ဘုံသို့ တက်တော်မူ၍ အားလုံးကို တတ်နိုင်တော်မူသော ခမည်းတော်ဘုရား၏ လက်ျာဘယ်မှာ ထိုင်၍ နေတော်မူသည်။

(၇) ထိုမှ ရှင်သူ သေသူတို့ကို စီရင်စစ်ကြောတော်မူရန် ကြွလာတော်မူလိမ့်မည်။

(၈) သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို လည်းကောင်း

(၉) သန့်ရှင်းသော ကက်သလစ်အသင်းတော်ကိုလည်းကောင်း သူတော်သူမြတ်အပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်းအကျိုးကုသိုလ်တို့ကို ခံစားရကြောင်း

(၁၀) အပြစ်ဟူသမျှကို လွှတ်ကြောင်း

(၁၁) ကိုယ်ခနာရှင်ပြန်ထမြောက်မည့်အကြောင်း

(၁၂) အစဉ်ထာဝရ အသက်ရှင်မည့်အကြောင်း စသည်တို့ဖြစ်ကြသည်။
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng