ယုံကြည်ရာအချက်များကို နှောင့်နှေးခြင်းမရှိပဲ ယုံကြည်ရမည်။ ကျွန်ုပ်တို့၏
စိတ်ထဲ၌ ခရစ်တော်ယေဇူး၏ နှုတ်ကပါတ်တရားတော်ကို အကြွင်းမဲ့ဝန်ခံ၍ ခိုင်မြဲစွာ ယုံကြည်ရမည့်အပြင်
မိမိ၏ ယုံကြည်ခြင်းကို ရှက်ကြောက်ခြင်းမရှိပဲ ဝန်ခံကြရမည်။ မိမိ၏ အိမ်ထောင်စု၌ဖြစ်စေ၊
ပတ်ဝန်းကျင်၌ဖြစ်စေ၊ ဘုရားတရားပေါ့လျော့သော သူတို့၏ ရှေ့၌ဖြစ်စေ၊ အသင်းတော်၏ ရန်သူများရှေ့၌ဖြစ်စေ
မိမိ၏ယုံကြည်ခြင်းကို ရဲ့ဝံ့စွာ ဝန်ခံရမည်။
=အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကို ဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ ခမည်းတော်
ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကို ငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော
ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။ + (မဿဲ ၁၀း ၃၂-၃၃) ဟု ကျမ်းစာ၌ ဖော်ပြထား၏။
ConversionConversion EmoticonEmoticon