ယုံကြည်ခြင်းအချုပ်၏ အဋ္ဌမပိုဒ်

ယုံကြည်ခြင်းအချုပ်၏ အမပိုဒ်

== သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကိုလည်းကောင်း ++


၁။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား

          ပုဂိုလ်သုံးပါးဘုရားတစ်ဆူ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် တတိယပုဂ္ဂိုလ်တော်မြတ် ဖြစ်သည်။ မြတ်စွာဘုရားသခင်သည် အဆုံးအစမရှိ၊ အနန္တအရှင်သခင် ဖြစ်တော်မူ၍ အခြားမည်သည့် ဘုရားမျှမရှိ။
          သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ခမည်းတော်ဘုရားနှင့်လည်းကောင်း သားတော်ဘုရားနှင့်လည်းကောင်း ဘုရားအဖြစ်တော်တစ်ခုတည်း၌ ရှိသော်လည်း ပုဂ္ဂိုလ်တော် ခြားလျှက်ရှိ၏။ ခမည်းတော်ဘုရားသည် ဖွားမြင်ခြင်းမခံ ထာဝရတည်ရှိတော်မူ၏။ သားတော်သည် ခမည်းတော်ထံမှ ထွက်ပေါ်လာတော်မူ၏။ သန့်ရှင်းသော ဝိညာဉ်တော်မူကား ခမည်းတော်နှင့် သားတော်နှစ်ပါးလုံးမှ ပေါ်ထွက်လာတော်မူ၏။ လူ့ဉာဏ်နှင့် မမှီနိုင်သည့် ယုံကြည်ခြင်း၏ နက်နဲရာ အချက်ကို စိတ်နှလုံးထဲ၌ မှတ်သားယုံကြည်ကြစို့။

၂။ လူဝိညာဉ်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ကဏ္ဍ

          ဖြောင့်မတ်ခြင်း ကျေးဇူးတော်ရှိသောသူတို့ ၏ ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်သည် အစဉ်ကိန်းအောင်းတော်မူသည်။ အကြောင်းမှာ = သင်တို့၏ ခန္ဓာသည် သန့်ရှင်းသော ဝိညာဉ်တော်မြတ်၏ ဗိမာန်တော်ဖြစ်ကြောင်းကို သင်တို့ မသိကြပါသလော့။ + (၁ကော် ၃း ၁၆) ဟု သံပေါလုရေးထားခဲ့လေသည်။ ကျွန်ုပ်တို့၏ ဝိညာဉ်၌ ကိန်းဝပ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည် အမှန်တရား၏ ဝိညာဉ်တော်ဖြစ်တော်မူသည့် အလျောက် ယုံကြည်ရာ အချက် ကျင့်ကြံရာ အချက်များကို နားလည်စေရန် ပါရမီများကို တည်မြဲစွာ ကျင့်ဆောင်တည်ရန်နှင့် ကောင်းကင်ရွှေပြည်တော်သို့ မုချရောက်နိုင်ရန် ဉာဏ်ပညာ၊ နားလည်တတ်ခြင်း ကျေးဇူးတော်ကို ပေးတော်မူသည်။ ဖြောင့်မတ်ခြင်း ကျေးဇူးတော်ရှိပြီးသော ဘာသာသူတို့၏ ဝိညာဉ်များ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် အလင်းပေးတော်မူ၍ အားဖြည်းပေးတော်မူသည်။ ပါရမီဆည်းပူးရာ၌ စိတ်ထက်သန်စေ၍ သန့်ရှင်းခြင်းရောက်ရန် ပို့ဆောင်ပေးလျက် ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို ချစ်ခြင်းဖြင့် အမြဲပေါင်းစပ်ပေးတော်မူသည်။
၃။ တပည့်တော်များအား ကျေးဇူးတော်များကို ပေးတော်မူခြင်း
          သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူခြင်းကို ဒါဝိတ်၏ သားတော် ခရစ်တော်ယေဇူး၌ တွေ့ကြရပေသည်။ ထိုကျေးဇူးတော်များကို ခံစားရသော သူများ၏ သီလ ပါရမီတို့သည် ပြည့်ဝစုံလင်ခြင်းသို့ ရောက်၍ ဘုရားရှင်၏ အလိုတော်နှင့်အညီ အစဉ်အသက်ရှင်နိုင်စေသော ခွန်အားကျေးဇူးကို ရရှိစေသည်။ 

၎။ ဝိညာဉ်တော် ဘုရား၏ ဆုကျေးဇူး (၇) ပါး

-      ဥာဏ်ပညာ
-      သိနားလည်တတ်ခြင်း
-      ကြံစည်တတ်ခြင်း
-      ရဲစွမ်းသတ္တိ
-      အသိအလိမ္မာ
-      ဘုရားတရားကြည်ညိုခြင်း
-      ဘုရားသခင်ကို ကြောက်ရွံ့တတ်ခြင်း

(က) ဥာဏ်ပညာ၏ အလင်းကျေးဇူးတော်

ခရစ်တော်ယေဇူးရှင်ပြန်တော်မူပြီး ရက်ပေါင်း(၅၀)ပြည့်သောနေ့၌ သန့်ရှင်းသော ဝိညာဉ်တော်သည် တပည့်တော်ကြီးများ အပေါ်သို့ ဆင်းသက်တော်မူ၍ အသစ်သော အသက်တာကို ပေးတော်မူသည်။ အကြောင်းမှာ ဟောကြားတော်မူခဲ့သော ခရစ်တော်ယေဇူး၏ တရားတော်သည် ထူးခြားလေးနက်သောကြောင့်လည်းကောင်း၊ တပည့်တော်ကြီးများ၏ ဥာဏ်ပညာဖြင့် ပြည့်ဝစွာ နားမလည်နိုင်သောကြောင့်လည်းကောင်း တရားဒေသနာတော်ကို နားမလည်နိုင်ခဲ့ကြပေ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကျေးဇူးတော်ကြောင့် ယခင်က ခရစ်တော်ယေဇူး ဟောတော်မူခဲ့သော တရားစကားတော်ကို ပြန်လည်သတိရကြသည်။ တရားစကားတို့၏ အနက်အဓိပ္ပာယ်ကိုလည်း ရှင်းလင်းလွယ်ကူစွာ နားလည်သဘောပေါက်ကြသည်။ 

(ခ) ရဲရင့်ခြင်းကျေးဇူးတော်

တပည့်တော်ကြီးတို့သည် တရားဟောသောအခါ၌ ဘေးအန္တာရယ်များ၊ ညှင်းပမ်းနှိပ်စက်ခြင်းများ ကြုံတွေ့ကြသောလည်း သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကြောက်ရွှံ့ခြင်း မရှိကြဘဲ ခိုင်ခံ့တည်မြဲသော စိတ်ဖြင့် ရဲဝံ့စွာ သက်သေခံကြသည်။ ခရစ်တော်ယေဇူး ဒုက္ခစရိယာခံသောအချိန်၌ တပည့်တော်ကြီးတို့သည် အလွန်ကြောက်ရွှံ့ကြပြီး မိမိ၏ အရှင်သခင်ကိုပင် စွန့်ပစ်ထားခဲ့ကြသည်။ သံပေတရုကိုယ်တိုင် ကိုယ်တော်ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သည်။
          သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူပြီးနောက် တပည့်တော်ကြီးတို့သည် ခြင်္သေ့ကဲ့သို့ ကြမ်းတမ်းသောမင်းတို့၏ ခြိမ်းခြောက်မှုကိုပင် အလေးမထား တည်ကြည်သော စိတ်ဖြင့် တရားဒေသနာတော်ကို ဟော၍ ဘေးအန္တာရယ်များကို ရဲရင့်စွာရင်ဆိုင်ပြီး ခရစ်တော်ယေဇူးသည် မိမိတို့၏ သခင်စစ်မှန်ကြောင်းကို အသေခံခြင်းဖြင့် သက်သေပြကြသည်။ ထိုရဲရင့်ခြင်းနှင့် တည်ကြည်မြဲမြံခြင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ အထူးကျေးဇူးတော်ပင် ဖြစ်ပေသည်။
          သန့်ရှင်းသော ဝိညာဉ်တော်သည် တပည့်တော်ကြီးတို့၏ စိတ်နှလုံးကို ချစ်ခြင်းမီးလျှံဖြင့် ထွန်းညှိစေတော်မူသည်နည်းတူ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင်လည်း ထိုချစ်ခြင်းမေတ္တာ ထွန်းညှိတော်မူ၍ ကျွန်ုပ်တို့သည်လည်း ရဲရင့်တည်ကြည်ခြင်းဖြင့် ခရစ်တော်ယေဇူးအတွက် သက်သေခံနိုင်မည့်အကြောင်းကို တောင်းခံကြစို့။

မှတ်ချက်။       ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူး ခုနှစ်ပါးအကြောင်းကို တတိယပိုင်း အားပေးခြင်း စက္ကရာမင်း မင်္ဂလာအကြောင်းနှင့်အတူ ရှင်းပြထားသည်။ 

Previous
Next Post »