ယုံကြည်ခြင်း
အချုပ်၏ ဆဌမပိုဒ်
==
ကောင်းကင်ဘုံသို့ တက်တော်မူ၍ အားလုံးစုံကို တတ်နိုင်တော်မူသော ခမည်းတော်ဘုရား၏ လက်ယာဖက်မှာ
ထိုင်၍ နေတော်မူသည်။ ++
၁။
ခရစ်တော်ယေဇူးသည် မိမိကိုယ်ကို ထင်ရှားပြတော်မူခြင်း
ခရစ်တော်ယေဇူးသည် ရှင်ပြန်ထမြောက်တော်မူပြီးနောက်
မိမိတပည့်တော်များအား မိမိကိုယ်ကို အကြိမ်ပေါင်းများစွာ ထင်ရှားပြသတော်မူခဲ့သည်။ ခရစ်တော်ယေဇူးကို
မြင်ရသော သူတို့သည် ချက်ချင်းမယုံကြည်ကြသောကြောင့် ထိုသူများအား ဆုံးမအပြစ်တင်တော်မူခဲ့သည်။
အကြောင်းမှာ တပည့်တော်တို့ လက်ခံရရှိသော ယုံကြည်ခြင်းကို ကမ္ဘာဆုံးတိုင် ရောက်စေရန်
ဟောပြောစေလိုသောကြောင့် ဖြစ်သည်။ သူတို့သည် ခရစ်တော်ယေဇူး၏ ပကတိခန္ဓာတော်အတိုင်း
ရှင်ပြန်ထမြောက်တော်မူကြောင်းကို မျက်မြင်သက်သေများဖြစ်ကြ၍ မြင်ခဲ့ရသမျှ
ကြားခဲ့ရသမျှတို့ကို လူတို့အား ပြန်လည်ဟောကြားစေရန်လည်း ဖြစ်သည်။
၎င်းအပြင် ခရစ်တော်ယေဇူးသည်
ရက်ပေါင်း(၄၀)အတွင်း၌ အသင်းတော်ကို မည်ကဲ့သို့ တို့ပွားပျံ့နှံ့စေရန်နှင့်
မည်သို့အုပ်ချုပ်ရမည့်အကြောင်းကို တပည့်တော်ကြီးတို့အား သင်ပြတော်မူခဲ့သည်။
တပည့်တော်ကြီး သံပေတရုအား အသင်းတော်၏ သော့ကို အပ်နှင်း၍ အသင်းတော်၏ အကြီးအကဲအဖြစ်
ခန့်ထားတော်မူခဲ့သည်။ တမန်တော်ကြီးများနှင့် ပတ်သက်သော အခွင့်အာဏာတို့ကိုလည်း
လွှဲအပ်ပေးတော်မူခဲ့သည်။
၂။ ကောင်းကင်ဘုံသို့ တက်တော်မူခြင်း
ခရစ်တော်ယေဇူးသည်
တောင်ပေါ်၌စုရုံးနေကြသော တပည့်တော်တို့အား နောက်ဆုံးစကားတစ်ခွန်း
မိန့်တော်မူခဲ့သည်မှာ = ငါသည် ကပ်ကမ္ဘာကုန်သည့်တိုင်အောင်
သင်တို့နှင့်အတူ အစဉ်အပြတ်ရှိနေမည်။+ ဟူ၍ ဖြစ်သည်။ ဤသို့ မိန့်တော်မူပြီးနောက်
မိမိလက်ထောင်ကိုမြှောက်၍ သူတို့အား ကောင်းချီးပေးကာ သူတို့ထံမှ ခွာပြီး
ကောင်းကင်ဘုံသို့ တက်တော်မူသည်။
ဘုရားသခင်၏ သားတော်အဖြစ်နှင့်
ကောင်းကင်ဘုံမှ မဆင်းကြွမီ ခရစ်တော်ယေဇူးသည် ခမည်းတော်ဘုရား၊ သန့်ရှင်းသော
ဝိညာဉ်တော်ဘုရားနှင့်အတူ အစဦးကပင် ကောင်းကင်ဘုံ၌ တည်ရှိတော်မူခဲ့သည်။ မိမိ၏ ဒုက္ခခံထမ်းခြင်းနှင့်
အသေခံတော်မူခြင်းအားဖြင့် ရထိုက်သော ဘုန်းစည်းစိမ်တော်ကို ပြန်လည်ရယူရန်
ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွတော်မူခြင်း ဖြစ်သည်။
၃။ ခမည်းတော်ဘုရား၏ လက်ယာဖက်မှာ ထိုင်နေတော်မူခြင်း
= ခရစ်တော်ယေဇူးသည်
ခမည်းတော်၏လက်ယာဖက်မှာ ထိုင်၍ နေတော်မူ၏။ + ဟူသော စကား၏အဓိပ္ပာယ်မှာ ကိုယ်တော်သည်
လူ့အဖြစ်ကို ယူတော်မူသော်လည်း မည်သည့် ဖန်ဆင်းခံအရာသတ္တဝါနှင့်မျှ မတူညီချေ။
ဂုဏ်တော်အားဖြင့်လည်း အလွန်ခြားနားတော်မူသည်ကို ဆိုလိုသည်။
= ထိုင်နေတော်မူ၏။+ ဟု ဆိုရာ၌ ကိုယ်ကာယ တည်နေပုံကို
ဆိုလိုခြင်းမဟုတ်။ ခမည်းတော်ထံမှ ခံယူရရှိခဲ့သော တည်တံ့ခိုင်မာသည့်
အမြင့်မြတ်ဆုံးသြဇာအာဏာနှင့် ဘုန်းတော် ဂုဏ်တော်ရရှိကြောင်းကို ဆိုလိုသည်။
ခရစ်တော်ယေဇူးကိုယ်တော်အား သူတော်သူမြတ်၊ သိကြားတမန်များ နှင့်အတူ
ကျွန်ုပ်တို့လည်း ဂုဏ်ပြုကြစို့။
>>> ယုံကြည်ခြင်းအချုပ်၏သတ္တမပိုဒ် >>>
<<<ယုံကြည်ခြင်း၏ပဉ္စမပိုဒ် <<<
>>> ယုံကြည်ခြင်းအချုပ်၏သတ္တမပိုဒ် >>>
ConversionConversion EmoticonEmoticon