ယုံကြည်ခြင်းအချုပ်၏
စတုတ္ထပိုဒ်
==
ပုံစီဦးပီလာတူးမင်းလက်ထက်၌ ဒုက္ခစရိယာခံတော်မူ၍ တံကျင်၌ သတ်ထားသဖြင့် အသက်တော်ထွက်၍
အလောင်းတော်ကို သဂြိုင်္လ်သည်။ ++
၁။
ခရစ်တော် ယေဇူးသံလွင်ဥယျာဉ်၌ ဆုတောင်းပဌနာပြုခြင်း
ခရစ်တော်ယေဇူးသည် ကိုယ်တော်မြတ်စက္ကရားမင်းမင်္ဂလာကို
ဖန်ဆင်းတော်မူပြီးနောက် သံလွင်တောင်သို့ တပည့်တော်ကြီးများနှင့်အတူ ကြွသွားတော်မူ၏။
ကိုယ်တော်သည် စိတ်မချမ်းမသာဖြစ်ကာ ပြင်းစွာသော ပူပင်သောက ရောက်တော်မူသဖြင့် == ငါသည် သေလုနီးပါးစိတ်ဒုက္ခရောက်လှ + ဟု မိန့်တော်မူခဲ့သည်။
ထို့နောက် မြေပေါ်တွင် ပျပ်ဝပ်နေတော်မူပြီးလျှင် = အို - အကျွန်ုပ်၏ အဘ၊ ဖြစ်နိုင်ပါမူ ဤဒုက္ခဝေဒနာကို ကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။
သို့ရာတွင် ကျွန်ုပ်၏ အလိုအတိုင်း မဟုတ်၊ ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်စေတော်မူပါ။
+ ဟု ဆုတောင်း ပဌနာပြုတော်မူခဲ့၏။ ထိုအခါ၌ ကောင်းကင်ဘုံမှ သိကြားမင်းတစ်ပါးသည်
ကိုယ်တော်၏ ရှေ့၌ပေါ်လာ၍ ကိုယ်တော်ကို ခွန်းအားဖြင့် ပြည့်ဝစေခဲ့၏။ ကိုယ်တော်သည် များစွာစိတ်ဒုက္ခရောက်တော်မူသဖြင့်
အာရုံပြု၍ ဆုတောင်းပဌနာပြုတော်မူ၏။ ကိုယ်တော်၏ချွေးပေါက်တို့သည်
သွေးစက်များသဖွယ် မြေပေါ်သို့ကျလာ၏။ (မဿဲ
၂၆၊ လု ၂၂)
အဘယ်ကြောင့် ခရစ်တော်ယေဇူးသည် ဤမျှလောက်
စိတ်ညှိုးငယ်ပူပန်ခြင်းကို ခံတော်မူသနည်း။ ခရစ်တော်ယေဇူးသည် ကျွန်ုပ်တို့၏ အပြစ်မကောင်းမှုတို့ကြောင့်
မကြာမီခံထမ်းတော်မူအံ့သော ဒုက္ခအပေါင်းကို အောက်မေ့ဆင်ခြေကာ စိတ်သောက ရောက်တော်မူ၏။
၎င်းအပြင် ခရစ်တော်ယေဇူးသည် ဥယျာဉ်တွင် ခမည်းတော်ဘုရားထံတော်ပါးသို့
ဆုတောင်းတော်မူသောအခါ အာဒံ၊ ဧဝ ပြုလုပ်သော အပြစ်ရင်းမှစ၍ ကမ္ဘာကုန်သည့်တိုင်အောင် ပြုလုပ်သမျှအပြစ်
ဒုစရိုက်အားလုံးအတွက် လူတို့ကိုယ်စား ဆပ်ဖြေတော်မူခဲ့သည်။ ပရောဖက် ဟေရှာယ၏ ဟောထားချက်ဖြစ်သော
- ဘုရား၏ ကျွန်သည် ငါတို့၏ ရောဂါဝေဒနာများကို
ယူတင်ဆောင်ရွက်လေ၏။ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။
+ ဟူသော ကျမ်းချက်ပြည့်စုံခြင်းသို့ ရောက်လေသည်။
၂။
ခရစ်တော်ယေဇူးကို ကြိမ်ဖြင့်ရိုက်နှက်၍ ဆူးဗောင်းစွပ်ခြင်း
နံနက်စောစောအချိန်၌ ပီလာတူးမင်းရှေ့သို့
ယေဇူးကို ဆောင်ခဲ့ကြပြီးလျှင် မဟုတ်မမှန် စွပ်စွဲကြသော်လည်း ပီလာတူးမင်းသည် ကိုယ်တော်ကို
သနားကြင်နာခြင်းရှိ၍ သုံးကြိမ်းတိုင် ကိုယ်တော၌ အပြစ်မရှိကြောင်းကို ထုတ်ဖေါ်ပြောဆိုခဲ့ပြီး
ကိုယ်တော်ကို ပြန်လွှတ်ရန် ရှာကြံခဲ့သော်လည်း ဂျူးလူမျိုးတို့ကို ကြောက်ရွှံ့သဖြင့် ကိုယ်တော်ကို
လက်ဝါးကပ်တိုင်၌ သတ်ရန် စီရင်ဆုံးဖြတ်ခဲ့သည်။ ထိုအခါ ရောမစစ်သားတို့သည် ယေဇူး၏ ဝတ်လုံကို
ချွတ်ခွာပြီး ကိုယ်တော်ကို ရက်စက်စွာ ကြိမ်ဖြင့် ရိုက်နှက်ခဲ့ကြလေသည်။ ထို့နောက်သူတို့သည်
နီမောင်းသော ဝတ်လုံကို ကိုယ်တော်အား ခြုံစေပြီး ဆူးခက်ဖြင့် ယက်ထားသည့် သရဖူးကို ဆောင်းပေးခဲ့ကြသည်။
ကျူးရိုးတစ်ချောင်းကို ကိုယ်တော်၏ လက်ျားလက်ထဲ၌ ထည့်ပေးပြီး ရှေ့တော်၌ ဒူးထောက်ကြလျှက်
= ယုဒရှင်ဘုရင် သက်တော်ရာကျော်ရှည်ပါစေသော်
+ ဟု ဆို၍ ပြယ်ရယ်ပြုကြ၏။
၃။
ခရစ်တော်ယေဇူးကို လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်း
ခရစ်တော်ယေဇူးသည် ကာလ်ဝါရီတောင်သို့ ဦးတည်လျှက်
လက်ဝါးကပ်တိုင်ကို ထမ်းဆောင်တော်မူ၏။ တောင်ပေါ်သို့ ရောက်သောအခါ အဝတ်တော်ကို ဆွဲချွတ်ကြပြီး
လက်ဝါးကပ်တိုင်ပေါ် ပက်လက်အိပ်စေလျှက် ခြေတော်၊ လက်တော်များကို သံမှိုဖြင့် ရိုက်နှက်ခဲ့ကြသည်။
ကိုယ်တော်၏ ဝဲယာနှစ်ဖက်၌လည်း ဓါးပြနှစ်ဦးကို ရိုက်နှက်ခဲ့ကြသည်။ လမ်း၌ ဖြစ်သွားသော
သူများတို့သည် ကိုယ်တော်ကို မြင်ကြလျှင် မိမိခေါင်းတို့ကို ငြိမ့်၍ ပြယ်ရယ်ပြုကြ၍ ပြောသည်မှာ
= သင်သည် ဘုရားသခင်း၏ သားတော်မှန်လျှင် လက်ဝါးကပ်တိုင်ပေါ်က
ဆင်းပါလော့။ ဟူ၍ ဖြစ်သည်။ ရဟန်းအကြီးအကဲတို့နှင့် ကျမ်းတတ်ဆရာတို့သည်လည်း ကိုယ်တော်ကိုယ်
လှောင်ပြောကဲ့ရဲ့ကြသည်။
ချစ်သော ဘာသာသူ ညီအစ်ကို မောင်နှံမများအားလုံး တို့ယုံကြည်ခြင်းအချုပ်၏
စတုတ္ထပိုဒ်သည် ပြီးဆုံးဖြစ်သည်။
၎။
လက်ဝါးကပ်တိုင်ပေါ်မှ ခရစ်တော်ယေဇူး မိန်းမြွက်တော်မူခဲ့သော စကားတော် (၇)ခွန်း
ခရစ်တော်ယေဇူးသည် ကျွန်ုပ်တို့၏ စစ်မှန်သော
အရှင်သခင်အဖြစ် အသက်ရှင်နေထိုင်စဉ် ကျွန်ုပ်တို့အား တရားဒေသနာတော်ကို တိုက်ကျွေးတော်မူသည့်အပြင်
လက်ဝါးကပ်တိုင်းပေါ်၌လည်း နောက်ဆုံးအနေနှင့် တရားသွန်သင်ချက်ကို ပေးတော်မူခဲ့သည်။
(က)
ရန်သူများသည် လက်ဝါးကပ်တိုင်ပေါ်၌ တွဲလွဲတော်မူသော ခရစ်တော်ယေဇူးကို ကဲ့ရဲ့ရှုတ်ချကြသောအခါ
ကိုယ်တော်သည် = အိုအဘ သူတို့၏အပြစ်များကို ခွင့်လွတ်တော်မူပါ။
အကြောင်းမူကား သူတို့ပြုသော အရာတို့ကို သူတို့မသိကြပါ။ + (လု ၂၃း၃၄) ဟု ခမည်းတော်ဘုရားထံ
မိမိကို ညုင်းပမ်းနှိပ်စက်သော သူများအတွက် ဆုတောင်းပေးတော်မူခဲ့သည်။
(ခ)
ခရစ်တော်ယေဇူးနှင့်အတူ လက်ဝါးကပ်တိုင်၌ ရိုက်တင်ခြင်းခံခဲ့ကြရသော
ဓါးမြနှစ်ဦးအနက် တစ်ဦးမှ ကိုယ်တော်ကို ထိခိုက်သောစကားများဆိုနေစဉ် ကျန်တစ်ဦးမှ မိမိ၏အပြစ်များတွက်
နောင်တရ၍ ခရစ်တော်ယေဇူးအား = ကိုယ်တော်ဘုရာ
ကိုယ်တော်၏ နိုင်ငံတော်သို့ ရောက်သောအခါ တပည့်တော်ကို သတိရတော်မူပါ။ ဟု လျှောက်လေ၏။
ခရစ်တော်ယေဇူးက = သင့်အား ငါအမှန်အကန်ဆိုသည်ကား
သင်သည် ငါနှင့်အတူ ယနေ့တွင် ပါရာဒီဇူး၌ ရှိလိမ့်မည်။+ (လု ၂၃း ၄၃) မိန့်တော်မူခဲ့သည်။
(ဂ) ကားတိုင်အနီး၌ မယ်တော်နှင့် ရှင်ယောဟန်တို့
ရပ်လျှက်ရှိကြသည်ကို ခရစ်တော်ယေဇူးမြင်တော်မူလျှင် မယ်တော်အား = အချင်းမိန်းမ၊
သင်၏သားကို ကြည့်လော့။+ တဖန်ယောဟန်အား
= သင်၏
အမိကို ကြည့်လော့။+ (ယော ၁၉း ၂၆ - ၂၇) ဟု မိန့်တော်မူခဲ့သည်။ မိန်းမတို့သည် မီးဖွားစဉ်၌
ဒုက္ခဝေဒနာကို ခံကြရသကဲ့သို့ မယ်တော်သခင်မသည်လည်း ကျွန်ုပ်၏အပြစ်အတွက် မိမိသားယေဇူးကို
ခမည်းတော်ဘုရားအား ပူဇော်သော အချိန်၌ စိတ်နှလုံးကြေကွဲခြင်း ခံရသည်။ သူမသည် ကျွန်ုပ်ခိုလှုံရာမယ်တော်
ဖြစ်ပေသည်။
(ဃ) ခရစ်တော်ယေဇူးသည် ကျွန်ုပ်တို့အပြစ်များမှ ကယ်ချွတ်ရန်
လူ့အဖြစ်ကို ယူတော်မူ၍ ဤလောကသို့ ဆင်းကြွတော်မူခဲ့သည်။ အဘခမည်းတော်သည် လက်ဝါးကပ်တိုင်ပေါ်၌
အသေခံသော သားတော်ယေဇူးကို စွန့်ပစ်သကဲ့သို့ဖြစ်၍ ခရစ်တော်ယေဇူးသည် ကြီးမားသောအသံဖြင့်
ဟစ်ကြော်သည်ကား = အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏
ဘုရား အဘယ်ကြောင့်အကျွန်ုပ်ကို ပစ်ပယ်ထားတော်မူသနည်း။ + (မဿဲ ၂၇း ၄၆) ဟူ၍ ဖြစ်သည်။
ခရစ်တော်ယေဇူး ဒုက္ခစရိယာခံတော်မူသော ကာလတစ်လျှောက်လုံးတွင် စိတ်နှလုံး၌ ပူပင်၊ သောက၊
ဝေဒနာတို့ကို ပြင်းထန်စွာခံရခြင်းကြောင့် အထက်ပါ စကားကို ဟစ်ကြော်ခံခြင်းဖြစ်သည်။
(င) ထို့နောက်ခရစ်တော်ယေဇူးက = ငါရေငတ်သည်+ (ယော ၁၉း ၂၈) ဟု မြွက်ဆိုတော်မူသည်။
ကိုယ်တော်သည် ကျွန်ုပ်၏ကယ်တင်ရေးအတွက် ဝေဒနာမျိုးစုံတို့ကို ခံထမ်းတော်မူသည်ဖြစ်၍ ကျွန်ုပ်တို့သည်လည်း
ကိုယ်တော်ကိုနာခံသည့်အနေဖြင့် ကျွန်ုပ်တို့၏ ဒုက္ခများကို စိတ်အားထက်သန်စွာ ခံထမ်းကြပါစို့။
(စ)
ခရစ်တော်ယေဇူးသည် အသက်တော်ချုပ်ငြိမ်းလုဆဲဆဲအချိန်တွင်
ခမည်းတော်ဘုရား၏ အလိုတော်ကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့သည်ဖြစ်၍ = အကုန်အစင် ပြည့်စုံပါပြီ။ + (ယော ၁၉း ၃၀) ဟု
မိန့်တော်မူခဲ့သည်။
(ဆ)
တဖန်ကြီးသောအသံဖြင့် = အို-အဖ
ကျွန်ုပ်၏အသက်ဝိညာဉ်ကို ကိုယ်တော်၏ ရွှေလက်တော်၌ အပ်နှံပါသည်။+(ယော ၂၃း ၄၆) ဟု ကြွေးကြော်တော်မူ၍
ဦးခေါင်းတော်ညွတ်ကာ အသက်တော်ကို ချုပ်ငြိမ်းတော်မူ၏။
၅။
ခရစ်တော်ယေဇူး၏ အလောင်းတော်ကို မြုပ်နှံသင်္ဂြိုဟ်ခြင်း
အရိမာတေယမြို့သာ ဂျိုးဇက်နှင့် နီကော်လမူးနှစ်ဦးတို့သည်
ပုံစီဦးပီလာတူးမင်း၏ ခွင့်ပြုချက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်မှ ခရစ်တော်ယေဇူး၏ အလောင်းတော်ကို
ယူပြီးလျှင် အသစ်ဖြစ်သော ကျောက်ဂူတစ်ခုထဲ၌ သွင်းထားပြီး ၎င်းသင်္ချိုင်းအဝကို ကြီးမားသော
ကျောက်တုံးတစ်ခုဖြင့် ပိတ်ဆို့ထားခဲ့ကြ၏။ အလောင်းတော်သည် ရှင်ပြန်ထမြောက်တော်မူသည့်တိုင်
အသက်မဲ့သော အဖြစ်၌ ရှိနေတော်မူသည်။
==
ပုံစီဦးပီလာတူးမင်းလက်ထက်၌ ဒုက္ခစရိယာခံတော်မူ၍ တံကျင်၌ သတ်ထားသဖြင့် အသက်တော်ထွက်၍
အလောင်းတော်ကို သဂြိုင်္လ်သည်။ ++
<<< ယုံကြည်ခြင်းအချုပ်၏တတိယပိုဒ် <<<
>>> ယုံကြည်ခြင်း၏ပဉ္စမပိုဒ် >>>
ConversionConversion EmoticonEmoticon